သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)
သမိုင်းကြောင်းမြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် သစ်တောပညာရပ်များကို (၁၉၂၃)ခုနှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ်တွင် သစ်တောပညာဌာနမှ တာဝန်ယူ သင်ကြားပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ သစ်တောပညာဌာနမှ မွေးထုတ်ပေးခဲ့သည့် သစ်တော(သိပ္ပံ) ဘွဲ့ရသူ ဦးရေမှာ (၁၀၀၁) ဦးဖြစ်သည်။ (၁၉၈၅) ခုနှစ်တွင် သစ်တောပညာဌာနကို ရန်ကုန် တက္ကသိုလ်မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လက်အောက်ရှိ သစ်တောပညာဌာနမှ မွေးထုတ်ပေးခဲ့သည့် သစ်တော(သိပ္ပံ)ဘွဲ့ရသူ ဦးရေမှာ (၁၄၁)ဦး ဖြစ်သည်။ (၁၉၉၂) ခုနှစ်တွင် သစ်တောတက္ကသိုလ်အား သီးခြားတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန လက်အောက်တွင် ထားရှိခဲ့သည်။ (၁၉၉၅) ခုနှစ်တွင် ကျောင်းသူများ စတင်ခေါ်ယူ သင်ကြားခဲ့သည်။ ခေါ်ယူသူ အရေအတွက်၏ (၂၅ %) ဖြင့် ကျောင်းသူ (၁၂)ဦးအား စတင်လက်ခံ သင်ကြားခဲ့သည်။ (၁၉၉၆) ခုနှစ်တွင် ဘွဲ့လွန်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်အထိ သစ်တောတက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သည့် သစ်တော(သိပ္ပံ)ဘွဲ့ရ လူဦးရေမှာ (၉၈၆) ဦးရှိပြီဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)ဟု အမည်ပြောင်းလဲခဲ့ပြီး သစ်တောပညာအပြင် ပတ်ဝန်းကျင်သိပ္ပံပညာကိုပါ သင်ကြားရန်ရည်မှန်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်လာပြီးနောက် ကြားကာလတက္ကသိုလ်အဖွဲ့အစည်းမှ ဦးစီး၍ အွန်လိုင်းအခြေပြု ဒီဂရီဘွဲ့ကြိုသင်တန်းများ ပို့ချလျက်ရှိပါသည်။ [၂] တည်နေရာနှင့် အကျယ်အဝန်းသစ်တောတက္ကသိုလ်သည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းမ နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့၏ အရှေ့ဘက်၌ တည်ရှိသည်။ အကျယ်အဝန်းမှာ (၁၃၇) ဧက ရှိသည်။ [၂] အဓိကတာဝန်နှင့် ရည်ရွယ်ချက်များ
ဖွဲ့စည်းပုံသစ်တောတက္ကသိုလ်၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
သင်ကြားရေးဘွဲ့ကြိုအဆင့် သင်ကြားရေးလုပ်ငန်းများ(၂၀၀၆-၂၀၀၇) ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား နှစ်စဉ် ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲပြုလုပ်၍ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ပြုလျက်ရှိသည်။ ဝင်ခွင့်လျှောက်လွှာများကို နေ့စဉ်ထုတ်သတင်းစာများတွင် ကြိုတင်ကြေညာ၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ မိုင်(၂၀)လမ်းလျှောက်စွမ်းရည် စစ်ဆေးခြင်းများ ပြုလုပ်၍ ကျောင်းသား/ကျေားင်းသူ (၁၀၀)ဦးအား နှစ်စဉ်လက်ခံသင်ကြားပေးလျက် လျက်ရှိသည်။ ဘွဲ့ကြိုသင်တန်းကာလမှာ လက်ရှိအချိန်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ (၅) နှစ် ဖြစ်ပြီး အပ်နှင်းသည့်ဘွဲ့မှာ သိပ္ပံ(သစ်တောပညာ)ဘွဲ့ B.Sc (Forestry) ဖြစ်သည်။ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်မှစတင်ပြီး ဘွဲ့ကြိုကာလကို (၆)နှစ်သို့ ပြန်လည် တိုးမြှင့်ထားသည်။ သင်ကြားမှု အစီအစဉ်အနေဖြင့် ပညာသင်နှစ် တစ်နှစ်လျှင် နှစ်ဝက် (၂) ခုခွဲ၍ သင်ကြားလျက်ရှိပြီး အခြေခံဘာသာရပ်(၁၀) ခု၊ သစ်တောပညာဘာသာရပ် (၃၃) ခုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ် (၆) ခု တို့ကို သင်ကြား ပို့ချလျက်ရှိသည်။ လက်တွေ့ကွင်းဆင်းခြင်းလုပ်ငန်းများကို တတိယနှစ်မှ ပဉ္စမနှစ်အထိ တစ်နှစ်လျှင် (၁) ကြိမ်နှုန်းဖြင့် (၃) ကြိမ် လက်တွေ့ကွင်းဆင်း ဆောင်ရွက်စေသည်။[၂] ဘွဲ့လွန် သင်ကြားရေးလုပ်ငန်းများသစ်တောတက္ကသိုလ်၊ မဟာသိပ္ပံဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများမှ သတ်မှတ် အရည်အချင်း ပြည့်မီသူများအား လျှောက်ထား တက်ရောက်ခွင့်ထားသည်။ သင်တန်းကာလမှာ (၂) နှစ် သတ်မှတ်ထားပြီး လိုအပ်ပါက အချိန်ပို (၁) နှစ် ထပ်မံ ခွင့်ပြုနိုင်သည်။ အပ်နှင်းသည့် ဘွဲ့များမှာ ဘွဲ့လွန် ဒီပလိုမာ(သစ်တောပညာ)ဘွဲ့ Post Graduate Diploma in Forestry၊ မဟာသိပ္ပံ (သစ်တောပညာ)ဘွဲ့ M.Sc (Forestry) နှင့် မဟာသိပ္ပံ (သစ်တောထွက်ပစ္စည်းပညာ)ဘွဲ့ M.Sc (Forest Products)တို့ ဖြစ်သည်။ သင်ကြားမှု အစီအစဉ်တွင် အရည်အချင်းစစ် သင်တန်းအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက်ခြင်းနှင့် စာမေးပွဲ ဖြေဆိုခြင်းများကို ဆောင်ရွက်စေသည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ကျမ်းပြုစုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်သည်။[၂] အကိုးအကား
|
Portal di Ensiklopedia Dunia