သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈)မိုင်ခန့်အကွာတွင် တည်ရှိပြီး၊ သန်လျင်မြို့ကျိုက်ခေါက်ဘုရား လမ်းမကြီး၏ အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း အရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ (၂၀၈.၂၀၉)ဧက ရှိသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နှစ်စဉ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦး လက်ခံသင်ကြားပေးလျက်ရှိသည်။ ထူးခြားချက်သမဝါယမတက္ကသိုလ်(သန်လျင်)မှ သင်ကြားပေးလျက်ရှိသော အထူးပြုမေဂျာဘာသာရပ်ငါးခု ထဲမှ တက္ကသိုလ်၏ အမြင့်ဆုံးဘာသာရပ်တစ်ခုဖြစ်သည့် ဝါဏိဇ္ဇဗေဒဌာနမှ သင်ကြားပေးလျက်ရှိသော Accounting&Financeမေဂျာမှ ဘွဲ့ရရှိသောသူများအားလုံးကို မြန်မာနိုင်ငံစာရင်းကောင်စီ မှ ဖွင့်လျက်ရှိသော လက်မှတ်ရပြည်သူ့စာရင်းကိုင်(CPA)သင်တန်းကို ဝင်ခွင့်ဖြေစရာမလိုပဲ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ပေသည်။ သမိုင်းကြောင်းသမဝါယမသင်တန်းကျောင်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်း တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက်၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုသမဝါယမသင်တန်းကျောင်း တည်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း (၂)ကျောင်းအား စုပေါင်းဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းကို ရန်ကုန်သမဝါယမဒေသကောလိပ်အဆင့်သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၏ ၁၉၉၄ ခုနှစ် မေလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၀/၉၄)အရ ၁၉၉၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် တိုးမြှင့်တည်ထောင်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၏ ၁၉၉၆ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၆)ဖြင့် ရန်ကုန်သမဝါယမဒေသကောလိပ် အား ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းပြီး (၃)နှစ်သင်တန်း ဖွင့်လှစ်၍ ဝိဇ္ဇာဘွဲ့၊ စီးပွားရေးသိပ္ပံ B.A(Business Science) ဘွဲ့ဒီဂရီကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc)ဘွဲ့ ဒီဂရီကို ပြောင်းလဲပေးအပ်ခဲ့သည်။ ၂၀၁၂ခုနှစ် မေလ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူခွင့်ပြုချက်အရ ဝန်ကြီးရုံး၏ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂)ဖြင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမဒီဂရီကောလိပ်(သန်လျင်) အား သမဝါယမတက္ကသိုလ်(သန်လျင်) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ [၁] သင်ကြားရေးဌာနများဘွဲ့ကြိုသင်တန်းအတွက်အထူးပြုဌာနများ(၅)ခု
ဘွဲ့ကြိုသင်တန်းအတွက်အထောက်အကူပြုဌာနများ(၆)ခု
သင်ကြားရသည့်ဘာသာရပ်များ===First Year===
Second Year (Accounting&Finance Major)
Second Year(Marketing Management Major)
Second Year(Applied Statistics Major)
Second Year(Regional Development Major)
Second Year(Social Enterprise Management Major)
Third Year(Accounting&Finance Major)
Third Year(Marketing Management Major)
Third Year(Applied Statistics Major)
Third Year(Regional Development Major)
Third Year(Social Enterprise Management Major)
Final Year (Accounting&Finance Major)
Final Year(Marketing Management Major)
Final Year (Applied Statistics Major)
Final Year(Regional Development Major)
Final Year(Social Enterprise Management)
PGD(ဘွဲ့လွန်၁နှစ်သင်တန်း)(Accounting&Finance Major)
ပေးအပ်သည့်ဘွဲ့များဘွဲ့ပထမနှစ်မှစ၍စတုတ္ထနှစ်(နောက်ဆုံးနှစ်အထိ)အောင်မြင်သူများကို အောက်ပါဘွဲ့လက်မှတ်ကို ချီးမြှင့်ပေမည်။
Final yearအောင်စာရင်းထွက်ရှိချိန်တွင် အောင်စာရင်းတွင် star တစ်လုံး ပါခဲ့လျှင် အောက်ဖော်ပြပါဘွဲ့လွန်ဒီပလိုမာ(၁)နှစ်သင်တန်းတက်ရောက်နိုင်သည်။ ဘွဲ့လွန်ဒီပလိုမာ
Final Year အောင်စာရင်းထွက်ရှိချိန်တွင် အောင်စာရင်းတွင် star နှစ်လုံးပါခဲ့လျှင် အောက်ဖော်ပြပါ မဟာဘွဲ့(၂)နှစ်သင်တန်းကို ဘွဲ့လွန်ဒီပလိုမာ(PGD)တန်းတက်စရာမလိုပဲတိုက်ရိုက်တက်ရောက်နိုင်သည်။ ဘွဲ့လွန်ဒီပလိုမာ ၁နှစ်သင်တန်းတက်ရောက်ရသောသူများသည် ဘွဲ့လွန်ဒီပလိုမာအောင်စာရင်းထွက်ရှိချိန်တွင် star တစ်လုံး ပါမှ မဟာဘွဲ့(၂)နှစ်သင်တန်းကို တက်ရောက်နိုင်ပေသည်။ မဟာဘွဲ့
ဖွဲ့စည်းပုံသမဝါယမတက္ကသိုလ်(သန်လျင်)၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အထူးပြုမေဂျာဘာသာရပ်များသမဝါယမတက္ကသိုလ်(သန်လျင်) တွင် အောက်ပါ အထူးပြုမေဂျာဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ (၄)နှစ် ဖြစ်သည်။
လူမှုစီးပွားစီမံခန့်ခွဲမှုပညာသည် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် များအားလုံးထဲတွင် သမဝါယမတက္ကသိုလ်/ကောလိပ် တစ်ခုတည်းသာ သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia