သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) |
University of Dental Medicine, Yangon
|
အာရောဂျံ ပရမံ လာဘံ
|
Dentists:Competency and Community Oriented |
ပြည်သူ့အတွက်ထက်မြတ်ကျွမ်းကျင် သွားဆရာဝန် |
သွားကောလိပ်
|
|
တည်ထောင်ခုနှစ် |
၁၉၆၄ |
ပါမောက္ခချုပ် |
ဒေါက်တာရွှေတိုး၊ |
ဘွဲ့ကြို |
~၁၀၀၀ ယောက် |
ဘွဲ့လွန် |
~၅၀ ယောက် |
တည်နေရာ |
သွပ်ဝိုင်းကြီးရပ်ကွက်၊သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ |
အမျိုးအစား |
အများနှင့်သက်ဆိုင်သော |
ပိုင်ဆိုင်မှု |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန |
အဖွဲ့အစည်း |
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန |
ဝဘ်ဆိုတ် |
UDM Yangon |
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်က နှစ်စဉ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသော်လည်း ယမန်နှစ်များအတွင်း ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်သာခေါ်ယူခဲ့သည်။
သမိုင်းကြောင်း
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)ကို သွားဖက်ဆိုင်ရာဆေးပညာကျောင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာန လက်အောက်ခံအဖြစ် စတင်ခဲ့သည်။ ၁၉၆၄ တက္ကသိုလ်များ အက်ဥပဒေအရ သွားဘက်ဆိုင်ရာဆေးကောလိပ် အဖြစ် ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် အနီးတွင် ဖွင့်လှစ်ခဲ့ပြီး သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (Bachelor of Dental Surgery - BDS)ကို ပေးအပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) မဖွင့်လှစ်မီ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အဖြစ် တည်ရှိခဲ့သည်။ သွားဘက်ဆိုင်ရာဆေးပညာကောလိပ်ကို ၁၉၉၇ ခုနှစ်မှစ၍ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းတွင် ကျောင်းဝင်းအသစ်နှင့် ပြောင်းရွှေ့ခဲ့ရာ အဆောက်အဦအသစ်များ၊ ဆေးပညာရပ်အသစ်များ၊ ကျွမ်းကျင်သောသွားဆရာဝန်အသစ်များဖြင့် ၂၀၀၃ ခုနှစ်တွင် ပြည့်စုံသောတက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။
၃ ထပ်အဆောက်အအုံသစ်နှင့် ကုတင် ၅၀ ဆံ့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုသသင်ကြားရေးဆေးရုံကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ဘွဲ့ကြိုသင်တန်းများသင်ကြားခြင်းသာမက အထွေထွေ သွားဘက်ဆိုင်ရာဒီပလိုမာ ကဲ့သို့သော ဘွဲ့လွန်သင်တန်းများလည်း သင်ကြားပို့ချလျက်ရှိသည်။ ယခင်ကျန်းမာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ၂၀၀၂ ခုနှစ်မှစ၍ ပါရဂူဘွဲ့များကိုသင်ကြားပို့ချပေးနိုင်ခဲ့သည်။ ထို့အပြင် သွားဘက်ဆိုင်ရာဆေးပညာ၏ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၀၀-၂၀၁၂ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အတည်ပြုမှုဖြင့် စတင်သင်ကြားပေးခဲ့သည်။
ပေးအပ်သောဘွဲ့များ
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) မှ ပေးအပ်သော ဘွဲ့များမှာ သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (BDS)၊ မဟာဘွဲ့ (MDSc) နှင့် ပါရဂူဘွဲ့ (DrDSc)များဖြစ်ကြပြီး ဒီပလိုမာဘွဲ့များအနေဖြင့် သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ (DipDSc) နှင့် သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ (DDT) တို့ဖြစ်သည်။[၁]
ဘွဲ့ |
သင်တန်းကာလ
|
သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ |
၆နှစ်
|
သွားဖက်ဆိုင်ရာဆေးပညာမဟာဘွဲ့ |
၂ နှစ်
|
သွားဖက်ဆိုင်ရာဆေးပညာပါရဂူဘွဲ့ |
၃ နှစ်
|
သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ |
၁ နှစ်
|
သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ |
၃ နှစ်
|
သင်ကြားရသောဘာသာရပ်များ
ပထမနှစ် B.D.S
- သတ္တဗေဒ
- ရုက္ခဗေဒ
- ဓာတုဗေဒ
- ရူပဗေဒ
- သင်္ချာ
- အင်္ဂလိပ်စာ
- မြန်မာစာ
ဒုတိယနှစ် B.D.S
- ခန္ဓာဗေဒ
- ဇီဝကမ္မဗေဒ
- ဇီဝဓာတုဗေဒ
- ခံတွင်းဇီဝဗေဒသိပ္ပံပညာ
တတိယနှစ် B.D.S
- ရောဂါဗေဒ
- အဏုဇီဝဗေဒ
- ဆေးဝါးဗေဒ
- သွားရောဂါကုပညာ (အငယ်တန်း)
- သွားတုဆေးပညာ
စတုတ္ထနှစ် B.D.S
- အထွေထွေဆေးပညာ
- အထွေထွေခွဲစိတ်ပညာ
- ခံတွင်းဆေးပညာနှင့် ခံတွင်းမျက်နှာနှင့် မေးရိုးခွဲစိတ်ကုပညာ
- သွားဖုံးရောဂါကုပညာ
- ကလေးသွားကျန်းမာရေးပညာ
- သွားညှိကုသပညာ
- သွားရောဂါကုပညာ
- သွားတုဆေးပညာ
- ကာကွယ်ရေးနှင့်လူမှူရေးဆေးပညာ
- ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာ
နောက်ဆုံးနှစ် B.D.S
- မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်ကုပညာ
- မေးရိုးနှင့်ခံတွင်းဆေးပညာ
- သွားရောဂါကုပညာ
- သွားတုဆေးပညာ
- သွားဖုံးရောဂါကုပညာ
- ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာ
- ကလေးသွားကျန်းမာရေးပညာ
- သွားညှိကုသပညာ
အလုပ်သင်ဆရာဝန်
- နောက်ဆုံးနှစ်ဘာသာရပ်များအားလုံး
ကိုးကား
|
---|
ဝိဇ္ဇာသိပ္ပံ | |
---|
ပညာရေး | |
---|
ကျန်းမာရေး | |
---|
နည်းပညာ | တက္ကသိုလ်များ | |
---|
ကောလိပ်/သိပ္ပံများ | |
---|
|
---|
ကွန်ပျူတာ | |
---|
နိုင်ငံခြားဘာသာ | |
---|
စိုက်ပျိုးရေး | တက္ကသိုလ်များ | |
---|
ကောလိပ်၊ သိပ္ပံများ | |
---|
|
---|
သစ်တော | တက္ကသိုလ်များ | |
---|
သင်တန်းကျောင်းများ | |
---|
|
---|
စီးပွားရေး | |
---|
ဘာသာရေး | ဗုဒ္ဓဘာသာ | |
---|
ခရစ်ယာန်ဘာသာ |
- Paku Divinity School
- Chin Christian College
- Union Theological College
- Zomi Theological College
- မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်
- Myanmar Union Adventist Seminary (College) MyaungMya
|
---|
|
---|
ကာကွယ်ရေး | |
---|
ဖွံ့ဖြိုးရေးနှင့်ယဉ်ကျေးမှု | ဖွံ့ဖြိုးရေးတက္ကသိုလ် | |
---|
ယဉ်ကျေးမှုတက္ကသိုလ် | |
---|
|
---|
ရာထူးဝန် | |
---|