နည်းပညာတက္ကသိုလ် (ကျောက်ဖြူ)

နည်းပညာတက္ကသိုလ် (ကျောက်ဖြူ) သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)အတွက် လိုအပ်လာမည့် နည်းပညာရှင်များ၊ ကျွမ်းကျင်အလုပ်သမားများများ မွေးထုတ်ပေးရန် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ကျောက်ဖြူမြို့ မြို့မိ၊ မြို့ဖများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာခဲ့ပြီး ကျောက်ဖြူမြို့၊ ကမ်းနားလမ်း၊ သန်ပန်ချောင်းရပ်ကွက်တွင် တည်ရှိသည်။

လက်ရှိ ကျောင်းအုပ်ဆရာကြီးမှာ ဒေါက်တာအောင်မွန်ဖြစ်၍ ဒုတိယကျောင်းအုပ်ကြီးမှာ ဒေါက်တာဦးကျော်ငြိမ်း ဖြစ်သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတွင် အစိုးရနည်းပညာကောလိပ်အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် B-Tech ဘွဲ့သင်တန်းများအဖြစ် Civil,EP,Mech မေဂျာတို့ဖြင့် (၄)နှစ်သင်တန်းများကို ပို့ချသင်ကြားပေးသည်။ ၂၀၂၃ ခုနှစ်၊ မေလတွင် နည်းပညာတက္ကသိုလ် (ကျောက်ဖြူ)အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

လူငယ်၊ လူရွယ်များအနေဖြင့် အင်ဂျင်နီယာ နည်းပညာဘာသာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ် နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ် စသည့် အင်ဂျင်နီယာဘာသာရပ် (၃)ခုဖြင့် အင်ဂျင်နီယာနည်းပညာသင်တန်းများဖြစ်သော (B-Tech) ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပြီး (B-Tech) သင်တန်းအား (၄)နှစ်တက်ရောက်သင်ယူပြီးမြောက်ပါက အင်ဂျင်နီယာနည်းပညာဘွဲ့ (Bachelor of Technology) ဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။[]

GTI-KPU စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ၊ကျောင်းသားပေါင်း(၁၀၇)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ကျောင်းသားဦးရေ(၃၈၂)ဦး မွေးထုတ်ပေးပြီးဖြစ်သည်။ ထို့ပြင် ဒီပလိုမာပေးအပ်ပြီး ကျောင်းသား(၂၅၀)ဦး ရှိပြီဖြစ်ပြီး BE ပေါင်းကူးရ ကျောင်းသား၊ ကျောင်းသူပေါင်း(၅၁)ဦးရှိပြီဖြစ်သည်။

ကျောင်းအုပ်ကြီးများ

နည်းပညာတက္ကသိုလ် (ကျောက်ဖြူ) တွင် ကျောင်းအုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

စဉ် အမည် တာဝန်သက်တမ်း မှတ်ချက်
၁။ ဦးတင်ဝင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
မေ ၂၀၁၅ - မေ ၂၀၁၇
၂။ ဒေါက်တာဖြိုးဝေလင်း
ညွှန်ကြားရေးမှူး
ဇွန် ၂၀၁၇ - ၁၅ မတ် ၂၀၂၁
၃။ ဒေါက်တာအောင်မွန်
ညွှန်ကြားရေးမှူး
၁၆ မတ် ၂၀၂၁ - လက်ရှိ

ဌာနများ

၁။စီမံ/ဘဏ္ဍာဌာနများ

၂။မြို့ပြအင်ဂျင်နီယာဌာန

၃။ဝန်ထမ်းရေးရာဌာန

၄။လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

၅။ကျောင်းသားရေးရာဌာန

၆။စက်မှုအင်ဂျင်နီယာဌာန

၇။စာကြည့်တိုက်

၈။သုတနည်းပညာဌာန

၉။ငွေစာရင်းဌာန

၁၀။မြန်မာစာဌာန

၁၁။ပစ္စည်း/စတို ဌာန

၁၂။အင်္ဂလိပ်စာဌာန

၁၃။သင်္ချာဌာန

၁၄။ရူပဗေဒဌာန

၁၅။ဓာတုဗေဒဌာန

ကိုးကား

  1. အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း – Government Technological College ( KyaukPhyu) (in my-MM) (၂၈ ဒီဇင်ဘာ ၂၀၂၂)။ 17 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. GTC-KPU နောက်ခံသမိုင်းအကျဉ်း – Government Technological College ( KyaukPhyu) (in my-MM) (၂၅ နိုဝင်ဘာ ၂၀၂၀)။ 17 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya