နေပြည်တော်ပိုလီတက္ကနစ်တက္ကသိုလ်
နေပြည်တော်ပိုလီတက္ကနစ်တက္ကသိုလ် (အင်္ဂလိပ်: Naypyitaw State Polytechnic University) သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိသော ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်ဖြစ်သည်။ တည်နေရာနေပြည်တော်ပိုလီတက္ကနစ်တက္ကသိုလ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းတွင် တည်ရှိသည်။[၁] သမိုင်းကြောင်းနေပြည်တော်ပိုလီတက္ကနစ်တက္ကသိုလ်သည် ၂၀၂၄ ခုနှစ် နိုဝင်လာလ ၂၁ ရက်နေ့တွင် နေပြည်တော်နည်းပညာတက္ကသိုလ် အား ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[၂] နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်က အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)အဖြစ်ရှိခဲ့သည့် ကျောင်းတစ်ခုလည်းဖြစ်သည်။[၃] နေပြည်တော်နည်းပညာတက္ကသိုလ် ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွင့်လှစ်ပေးခဲ့သည်။[၄] တက္ကသိုလ်အဆင့် မမြှင့်တင်မှီ မူလက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ မြေအကျယ် ၂၂ ဧကပေါ်၌ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားခြင်းများဆောင်ရွက်ခဲ့သည်။ သင်ကြားရေးဌာနများ(၁) မြို့ပြအင်ဂျင်နီယာ (၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ (၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၄) စက်မှုအင်ဂျင်နီယာ (၅) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ (၆) ဗိသုကာ[၅] ဝင်ခွင့်စနစ်ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄)ဘာသာ ရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ် တက်ရောက်ခွင့်ပြုသည်။[၆] ဝေဖန်ချက်များ၁၉၉၀ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်လာရာ အင်ဂျင်နီယာအရေအတွက်သာ များပြာလာပြီး အရည်အသွေးအဆင့်မီရန်လိုအပ်ချက်ကြီးမားနေခြင်းကြောင့် ယခုကဲ့သို့ ထပ်မံဖွင့်လှစ်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နည်းပညာတက္ကသိုလ်ကျောင်းသားများက ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆရာ၊ ဆရာမများ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်နေကြသဖြင့် ဝန်ထမ်းအင်အား နည်းပါးနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်အသစ်ဖွင့်လှစ်လိုက်မှုအပေါ် ဝေဖန်ခြင်းဖြစ်သည်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia