ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) (အင်္ဂလိပ်: Nationalities Youth Resource Development Degree College) သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ ဒီဂရီကောလိပ် တစ်ခုဖြစ်သည်။ နယ်စပ်ဒေသရှိတိုင်းရင်းသား လူငယ်များအား အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်၍ (၂၀၀၀-၂၀၀၁) ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။ နယ်စပ်ဒေသအသီးသီးမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသော တိုင်းရင်းသား လူငယ်များအား ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဒီဂရီကောလိပ် ဝင်ခွင့်ရွေးချယ်ရေး အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရုံး၊ လူငယ်သင်တန်းကျောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ စေလွှတ်သည့် ကျောင်းသားများအား သင်တန်းသားရွေးချယ်ရေး ကော်မတီမှ ပညာသင်ခွင့်ရရှိရေး အရည်အချင်းအလိုက် ရွေးချယ်ကာ ရွေးချယ်ခံ ကျောင်းသားများကို သိပ္ပံ၊ ဝိဇ္ဇာနှင့် အင်ဂျင်နီယာ ဘာသာရပ်များအား သင်ကြားပေးလျက်ရှိသည်။ အပါတ်စဉ် (၁) မှစ၍စီနီယာ၊ ဂျူနီယာစနစ်ဖြင့်ကျောင်းစည်းကမ်းကို စနစ်တကျ ထိန်းသိမ်းခဲ့သည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ သိပ္ပံ၊ ဝိဇ္ဇာဘွဲ့အတွက် ပညာသင်နှစ် (၄)နှစ်၊ ၂၀၁၂-၂၀၁၃ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာ ဘာသာရပ်အတွက် (၃)နှစ် သတ်မှတ်ထားရှိပြီး သိပ္ပံ၊ ဝိဇ္ဇာဘွဲ့နှင့် အင်ဂျင်နီယာဒီပလိုမာများ အပ်နှင်းပေးသည်။ တည်နေရာပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်၊ မြေကွက်အမှတ်(၃၃၈၃) စစ်တောင်းလမ်း၌ တည်ရှိပြီး ၃၁.၅၁၆ ဧက ကျယ်ဝန်းသည်။ ရည်ရွယ်ချက်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရည်ရွယ်ချက်များမှာ
သင်ကြားပို့ချ ပေးသော ဘာသာရပ်များ
သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် တို့ကို ပူးတွဲသင်ကြားသည်။ [၁] ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) မှပေးအပ်ချီးမြှင့်သည့် ဘွဲ့။ အောင်လက်မှတ်များနှင့် သင်တန်းကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]
ဓာတ်ပုံများကိုးကား
ပြင်ပလင့်ခ်
|
Portal di Ensiklopedia Dunia