မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (အင်္ဂလိပ်: Myanmar Maritime University) သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တည်ရှိကာ မြန်မာနိုင်ငံတွင် ရေကြောင်းပညာရပ်နှင့် ပတ်သက်၍ သင်ကြားပေးသော တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/၂၀ဝ၂ ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာဥပဒေကို ၂၀ဝ၂ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် တွင် ပြဋ္ဌာန်း၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား၂၀ဝ၂ ခုနှစ် ဩဂုတ်လ ၁ရက် တွင် ရန်ကုန်မြို့၊ ဆင်မလိုက်၊ ဘုရင့်နောင်လမ်း၊ ရေကြောင်းသိပ္ပံကျောင်းဝင်းအတွင်း၌ ယာယီဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၄ခုနှစ် မတ်လ ၂၉ရက် တွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကို ခေတ်မီသော ပုံစံဖြင့်ဖွင့်လှစ်ခဲ့သည်။ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အပ်နှင်းထားသော မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ လုပ်ဆောင်ချက်မှာ အရည်အသွေးပြည့်ဝသောရေ ယာဉ်တည်ဆောက်မှုဗိသုကာများ၊ ရေကြောင်းအင်ဂျင်နီယာများ၊ ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာများ၊ ဆိပ်ကမ်းအင်ဂျင်နီယာများ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာများနှင့်ရေကြောင်းအရာရှိ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်ဖြစ်သည်။ ထိရောက်မှုရှိသော ရေကြောင်း ပညာရပ်များနှင့် လေ့ကျင့်မှုကိုရရှိစေရန် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းတက္ကသိုလ်များ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ STCW 95 Convention ကို အခြေခံ၍ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးဇယားများကို ရေးဆွဲထားသည်။ ဖွဲ့စည်းပုံမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
ဤတက္ကသိုလ်တွင်အဓိကဌာနကြီး (၂) ခုရှိသည်။ စီမံဌာနစီမံဌာနအောက်တွင်
သင်ကြားရေးဌာနသင်ကြားရေးဌာနလက်အောက်တွင်
ဘွဲ့ကြိုသင်တန်းများအတွက် ဌာနကြီးများ
ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် ဌာနများ
အထောက်အကူပြုဌာနများ
အခြား ဌာနခွဲများ
ရည်မှန်းချက်များတက္ကသိုလ်၏ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ရည်ရွယ်ချက်များမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ရည်မှန်းချက်ပန်းတိုင်မှာ
ပေးအပ်သောဘွဲ့များမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှအပ်နှင်းမည့်ဘွဲ့နှင့်သင်တန်းကာလမှာအောက်ပါအတိုင်းဖြစ်သည်။
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အနည်းဆုံးရမှတ် ၄၈၀နှင့်အထက် ရရှိသည့် ကျောင်းသား၊ကျောင်းသူများ များလျှောက်ထားခွင့်ရှိသည်။ လျှောက်ထားသူအားလုံးသည်ကျန်းမာရေး စစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေးခြင်း ခံယူရမည်ဖြစ်သည်။ အကဲဖြတ်စနစ်အထူးပြုဘာသာရပ် အလိုက် သင်ကြားမှုကို ဒုတိယနှစ်တွင် စတင်သည်။ ကျောင်းသား တစ်ဦးချင်း၏ ကြိုက်နှစ်သက်မှုနှင့် ပထမနှစ်သင်တန်း၏ ရမှတ်ပေါ်မူတည်၍ အထူးပြုဘာသာရပ် ရွေးချယ်မှုကိုဆုံးဖြတ်သည်။ သင်ရိုးပြီးဆုံးရန်လိုအပ်သောလက်တွေ့သင်တန်းများပြီးဆုံးပါကနှုတ်ဖြေစာမေးပွဲဖြေဆိုရသည်။ ၎င်းနှုတ်ဖြေစာမေးပွဲကိုကျေနပ်စွာဖြေဆိုနိုင်ကြောင်းအတည်ပြုပြီးပါကအင်ဂျင်နီယာဘွဲ့ (ရေယာဉ်တည်ဆောက်မှု)(NA)၊ ရေကြောင်းအင်ဂျင်နီယာ (ME)၊ရေကြောင်းလျှပ်စစ်(MESE)၊ဆိပ်ကမ်းအင်ဂျင်နီယာ(PH)၊မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ (RC)နှင့် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း)ရေကြောင်းသိပ္ပံ (NS)တို့ကိုအပ်နှင်းခြင်းခံရမည်ဖြစ်သည်။ ပညာသင်နှစ် (၁) နှစ်တွင် နှစ်ဝက်သင်တန်းကာလ (၂)ခုရှိပြီး၊ တစ်ခုစီတွင် စာသင်ချိန်၊ လက်တွေ့ချိန်၊ ရက်သတ္တပတ် (၁၇) ပတ်နှင့်ကိုယ်ပိုင်စာကြည့်ချိန် (၂) ပတ် (သို့မဟုတ်) (၃) ပတ်၊ စုစုပေါင်း ရက်သတ္တပတ် (၂၀) ရှိသည်။ ပထမနှစ်ဝက်စာမေးပွဲပြီးပါကအားလပ်ရက် (၂) ပတ်ရှိပြီးနှစ်ကုန်၍အတန်းတင်စာမေးပွဲ ပြီးလျှင် လက်တွေ့သင်တန်းရှိသည်။ ဘာသာရပ် (၁) ခုစီ၏နည်းပြရမှတ်နှင့် လက်တွေ့ စာမေးပွဲရမှတ်များကို နှစ်ဝက်စာမေးပွဲ (၂) ခုစလုံးတွင် ထည့်သွင်းစဉ်းစား၍ အကဲဖြတ်မည်ဖြစ်သည်။ ကျောင်းခေါ်ချိန်အနည်းဆုံး (၇၅%) နှင့်လက်တွေ့ စာသင်ချိန် (၁၀ဝ%) ကျောင်းခေါ်ချိန်ရှိမှသာ စာမေးပွဲဖြေဆိုခွင့် ရှိသည်။ ဓာတ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia